လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဝင်ပေါက်ဘးမှ လူနာစောင့်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆးရုံကြီးအရေးပေါ်ဝင်ပေါက်ဘေးမှ လူနာစောင့်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အခြားနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ဆွေးနွေးခြင်းလုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်၌ Quarantine ထားရှိသူများနှင့် ဒေသတွင်းကူးစက်ရသူနှင့်ထိစပ်ခဲ့သူ၏ Swab နမူနာများအား RDT test kit ဖြင့်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၉၂)ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ(၂)ဦး နှင့်ထိစပ်ခဲ့သည့်(၂၆)ဦး၏ Swab နမူနာများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနက RDT test kit ဖြင့် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်းသိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူများကို ရွှေတမာပိုးသတ်ဆေး ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုး ထားသော ဆောင်းမြေပဲသီးနှံစိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှုအန္တရာယ်မှ ကာကွယ်နိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေပဲစိုက်တောင်သူများကို ရွှေတမာ ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၃၂)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၅) နာရီအချိန်က နေရပ်ပြန်ပြည်သူ (၃၂)ဦးအား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ကော့သောင်းမြို့၌ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မိန်းကလေးငယ် များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ရွှေဇင်ယော်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဂန့်ဂေါခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

ဂန့်ဂေါခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၀) ကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးစံကွက် ရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးပေါ်ဆန်းရင်မျိုး စိုက်ခင်းကွင်းအမှတ်(၇.ခ)၊ ဦးပိုင်အမှတ် (၁၀၉)၊ ဧရိယာ(၇) ဧကရှိ တောင်သူ ဦးချမ်းမွန်၏ လယ်မြေတွင်ယမန်နေ့ ညနေပိုင်းက စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre ထားရှိသူများမှ ဒုတိယအကြိမ် Swab နမူနာယူစစ်ဆေးခဲ့သူ(၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre တွင်စောင့်ကြည့်ထားရှိသူ(၁၅၃)ဦးအနက် RDT Test Kit ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် Swab နမူနာယူရန် ကျန်ရှိသူ (၃၅)ဦးကို နိုဝင်ဘာ(၁၉)ရက်နေ့တွင် Swab နမူနာများရယူစစ်ဆေးခဲ့ပြီး နိုဝင်ဘာ(၂၀)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲ နမူနာဌာ န(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ (၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်နှစ်ခုကနေ အမိန့်မလိုက်နာသူ (၉၅)ဦးကို သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခဲ့

မွန်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်နှစ်ခုမှ အမိန့်မလိုက်နာတဲ့သူ (၉၅)ဦးကို သက်ဆိုင်ရာမြို့နယ်များ၌ အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

"လားရှိုးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရှေ့ မိုးစပါး( Rs to Cs) မျိုးစေ့ထုတ် စိုက်ခင်းတွင် မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား" ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ၊ တောင်သူ ဦးထွန်းလူ၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က(CERP)အစီအစဉ်အရ (Rs-Cs) မျိုးစေ့ထုတ် စိုက်ကွင်းတွင် ရိတ်သိမ်းချွေလှေ့စက်( Combine Harvester)ဖြင့် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အစို(၁၂၈)တင်း၊ အခြောက်(၁၁၉.၃၂)ထွက်ရှိခဲ့ပြီး
Subscribe to