တာလေ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ အတွင်း ပါဝင်သည့် လမ်းအပိုင်းမှပျက်စီးနေသည့် လမ်းနေရာများနှင့် ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများ၊ ယာဉ်အဝင်အထွက်များသည့် လမ်းဆုံနေရာများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူတို့ ကား/ဆိုင်ကယ်များ ဘေးကင်းစွာမောင်းနှင် သွားလာနိုင်ရေးအတွက် သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှနေ့စဉ် ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိရာ နိုဝင်ဘာလ ၂၀ ရက်က တာလေမြို့တွင်း လုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန် ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
ယခုကာလသည် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မိုးသွင်းကာလက မိုးရွာသွန်းခြင်းကြောင့် လမ်းများပျက်စီးခဲ့ပြီး ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်ခဲ့ရာ ယခုတွင် ပျက်စီးနေသော လမ်းနေရာများ ပြန်လည်မွမ်းမံ ပြင်ဆင်လျက်ရှိရာ ယာဉ်များဘေးကင်းစွာ မောင်းနှင်သွားလာ နိုင်ပြီဖြစ်ပြီး လမ်းဘေးဝဲယာများတွင် လမ်းညွန်ဆိုင်းဘုတ် လမ်းညွှန်အမှတ်အသား တပ်ဆင်ခြင်း လုပ်ငန်းများလည်း စနစ်တကျ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့အတွင်း ပါဝင်သည့် လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများနှင့် ယာဉ်မတော်တဆမှုအဖြစ်များသည့် နေရာများ၊ ယာဉ်အဝင်အထွက်များသည့် လမ်းဆုံနေရာများအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းကို သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး လမ်း၏သတ်မှတ်စံချိန် စံညွှန်းနှင့် အညီပြီးစီးရေးနှင့် အများပြည်သူတို့ ကား/ဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင် သွားလာနိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)