မွန်ပြည်နယ်၊ လမိုင်းမြို့တွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြန်ဝင်ရောက်လာသည့် ပြည်သူများ Quarantine ဝင်ရောက်နိုင်ရေး Quarantine Centre ဖွင့်လှစ်

လမိုင်း      နိုဝင်ဘာ    ၂၁

မွန်ပြည်နယ်၊လမိုင်းမြို့တွင်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှပြန်ဝင်ရောက်လာသည့်ပြည်သူများ Quarantine ဝင်ရောက်နိုင်ရေး Quarantine Centre ကို အထက မော့ကနင်ကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း လမိုင်းမြို့သို့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် Quarantine ရက်သတ္တပတ်(၂)ပတ် ဝင်ရောက်ကြရမည်ဖြစ်ကြောင်း မော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လမိုင်း (ပြန်/ဆက်)