မိုင်းယုမြို့၌ Facility Quarantine ခံယူနေသူ (၁၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို နမူနာ ရယူစစ်ဆေး

မိုင်းယု နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကော်မတီအဖွဲ့တို့သည် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine ခံယူနေသူ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ထံမှ ယနေ့နံနက် ၆ နာရီက နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို  နမူနာရယူစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးနမူနာရယူရာနေရာသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယုပြည်သူ့ကျန်းမာရေးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်၊ နယ်မြေခံစခန်းမှူး ရဲအုပ် အောင်ဇော်မင်းနှင့် ကော်မတီအဖွဲ့ဝင်များက ယင်း Facility  Quarantine ခံယူနေသူ (၁၉)ဦးတို့ထံမှ   ယနေ့နံနက် ၆ နာရီခွဲခန့်က နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို  နမူနာရယူ စစ်ဆေးကြပြီး စစ်ဆေးမှုနမူနာတို့အား မိုင်းယောင်းမြို့နယ်မှတဆင့် အဆင့်ဆင့်ပို့ဆောင်ကာ ဓာတ်ခွဲမှုအဖြေ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း Facility Quarantine ခံယူနေသူ (၁၉)ဦးတို့မှာ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ မိုင်းယုဒေသတို့ နိုဝင်ဘာ ၁၈ ရက်နေ့က အလုပ်ကိစ္စများဖြင့် ရောက်ရှိလာကာ  သက်ဆိုင်ရာကိုဗစ်ကော်မတီမှ  ဒွန်းနွဲ့ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility  Quarantine (၁၄)ရက် ခံယူစေပြီး ယနေ့နံနက်ပိုင်းတွင် နှာခေါင်းနှင့်အာခေါင်တို့ပတ်များ ရယူခဲ့ကြောင်းနှင့် ၎င်းတို့မှာ ယခုချိန်ထိ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)