ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုဆောင်ရွက်မည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၅၀၀)ဖြင့် လုပ်ငန်း(၁၇)ခုကိုဆောင်ရွက် မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ကာတွန်းပြိုင်ပွဲ ဆုရွေး ချယ်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် “ရာပြည့် တက္ကသိုလ် မြကျွန်းညို” ကာတွန်းပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဖက်ပုန်းကျေးရွာတွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဖက်ပုန်းကျေးရွာတွင် CERP) အစီအစဉ်ဖြင့် တောင်သူ ဦးတညာ စိုက်ပျိုးထားသော မိုးစပါး (Rs to cs) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စံကွက် (၂)ဧကတွင်ရိတ်သိမ်းမည့် အနှံပါပင်ပွား၊ တစ်နှံပါအောင်စေ့၊ စပါးအစို ဓာတ်တိုင်းတာခြင်း၊ အလေးချိန်စသည့်စံနှုန်း တိုင်းတာခြင်းနှင့် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်းများအား ဆန်နှင့် ဆီ ရိက္ခာများ ထောက်ပံ့

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘီးလင်းမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် နေ့စား လုပ်သား များအား ဆန်နှင့်ဆီ ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်တွင် ဆောက်လုပ်ပြီးစီးသော (၁၆)ကုတင်ဆန့် တိုက်နယ်ပြည်သူ့ဆေးရုံတွင် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် (၁၀) နာရီခန့် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ဧရာမင်း စံပြကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာတွင် ကိုဗစ်-၁၉-ကပ်ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာ ရေးစမံချက်(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး ဧရာမင်းစံပြကွက်ရိတ်သိမ်းခြင်းအား တောင်သူ ဦးခင်မောင်မြင့်၏ လယ်ကွင်းတွင် ယနေ့နံနက် (၁၀)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြသည်။

(၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

(၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မီးရထားရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၃၀) စုအတွက် စားသောက်ကုန်များ လိုက်လံ လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးကိစ္စ များတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့သည် သိမ်ဖြူမီးရထားရပ်ကွက် အတွင်းရှိ အခြေခံ အိမ်ထောင်စု (၁၃၀)စုအတွက် အခြေခံစားသောက်ကုန်(၅)မျိုးကို ယမန်နေ့ မွန်းလွဲ​ပိုင်းမှစတင်ကာ အိမ်တိုင်ရာ ရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အသွားအလာကန့်သတ်ထားရှိသည့် ရဲတပ်ဖွဲ့ဝင်အိမ်ထောင်စုများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်များထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာအုပ်စု နယ်မြေရဲစခန်းဝန်း အတွင်း၌ အသွားအလာကန့်သတ်ထားရှိသည့် ရဲတပ်ဖွဲ့ဝင်အိမ်ထောင်စုများနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် ၈ နာရီခွဲအချိန်က စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ပရဟိတသွေးလှူရှင်များအသင်းအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်တရအင်္ကျီများပေးဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လည် (၁၂:၃၀) အချိန် က ပရဟိတသွေးလှူရှင်များအသင်း၏ အသင်းဝင်များအတွက် အမှတ်တရအင်္ကျီများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပေးဝေခဲ့ကြောင်း သိရသည်။
Subscribe to