ခိုလမ်မြို့တွင် အငြိမ်စား ပင်စင်လစာများကို လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆက်လက် ထုတ်ပေးလျက်ရှိ


ခိုလမ်   နိုဝင်ဘာ   ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း   ၊   လွိုင်လင်ခရိုင်  ၊   ခိုလမ်မြို့တွင်  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် လစာများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ကာ  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့ နံနက်( ၈ )နာရီ ခွဲ က ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။


ခိုလမ်မြို့တွင်    အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဦးရေ   ( ၁၃၀ )  ကျော် ရှိရာ  ပင်စင်လစာထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေရာယူစေကာ  စနစ်တကျ ထုတ်ပေးခြင်း ၊ Mask  များ တပ်ဆင်စေခြင်း ၊ လက်ဆေးစင်တွင် လက်ဆေးစေခြင်းဖြင့် ပင်စင်များထုတ်ပေးလျက်ရှိသည်။  အငြိမ်းစားပင်စင်လစာများကို နံနက်( ၈ )နာရီ ခွဲ မှ ညနေ ( ၃) နာရီအထိ ဆက်လက်ထုတ်ပေးလျက်ရှိပါကြောင်း  ခိုလမ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်လွင်လွင်ဦးထံမှ သိရသည်။


 ခင်လေးဝင်း ( ပြန် / ဆက် )