အမှိုက်ကင်းစင်သော စံပြကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်

ရေတာရှည်    နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာသည် ကျေးရွာ လုံးကျွတ် အမှိုက်ကင်းစင်သော စံပြကျေးရွာအဖြစ် စတင်၍ လုပ်ငန်းများစုပေါင်းဆောင် ရွက်လျက်ရာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့် နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာ ဒေသခံများနှင့်တွေ့ ဆုံ၍ လုပ်ငန်းစဥ်များအားရှင်းလင်းဆွေးနွေးခဲ့သည် ။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်နည်းစနစ်တကျ စီမံခန့်ခွဲခြင်း လုပ်ငန်း များတွင် ဒေတာအချက်အလက်များကောက်ယူစုဆောင်းခြင်း၊ ကျေးရွာတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်း၊ ကျေးရွာလူထုအား စွန့်ပစ်အမှိုက် စုဆောင်းသိမ်းဆည်း စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေး အစီအစဥ်များဆောင်ရွက်ခြင်း၊ ကျေးရွာအတွင်း လူငယ် စေတနာ့ ဝန်ထမ်းများ ပရဟိတ အသင်းအဖွဲ့များ ကိုစည်းရုံခြင်းနှင့် စုဆောင်းခြင်း၊ သယ်ဆောင်ခြင်း စနစ်တကျစွန့်ပစ်ခြင်းအစ ရှိသည့် လမ်းညွှန်ချက်များ အတိုင်းစုပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

တံတားကြီး​ကျေးရွာတွင် အိမ်ခြေ ၆၇ အိမ်ရှိပြီး အိမ်တိုင်းတွင် အမှိုက်စနစ်တကျစွန့်ပစ်နိုင်ဘို့ အကျယ် ၄ ပေ ပတ်လည် အနက် ၃ ပေ ရှိ အမှိုက်ကျင်းများ ဆောင်ရွက်ပြီးစီး​ကြောင်း၊ ကျေးရွာတွင်း လမ်း များနှင့် နေအိမ်ဝိုင်းများရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းခိုင်းထားကြောင်း ရွာလယ်လမ်း တစ်လျောက်နှင့် ရွာတွင်း လမ်းသွယ်များ၌ အမှိုက်ပုံးထားရှိရန် ဆောင်ရွက်နေ​ကြောင်း ကျေးရွာဒေသခံ ဦးစံရွှေမြင့် ထံမှသိရသည်။

ဆု(ပြန်/ဆက်)