ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများ ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာအုပ်စု၊ အညာဝါးဘင်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ် စက်ဝန်းအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေများ ထုတ်ချေးပေးခြင်းကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းကထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူထုဗဟိုပြု စီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မင်းတပ်မြို့ စည်ပင်ခန်းမ၌ ကျင်းပသည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်‌ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉‌ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ‌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုဗဟိုပြုစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်သာမြို့နယ် စီမံကိန်း မိတ်ဆက်ခြင်း Virtual Conference ဖြင့်ကျင်းပ

လူထုဗဟိုပြုစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက Virtual Conference ဖြင့် ကျင်းပခဲ့သည်။

ကလေးသူငယ်အခွင့်အရေးနှင့်ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်း တွန်းဇံမြို့၌ကျင်းပ

ကလေးသူငယ်အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပသည်။

ကွမ်းလုံ၌ ပထမ(၃)လပတ် ပြည်နယ်ရန်ပုံငွေဖြင့် မြသံလွင်ပန်းခြံအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် ပြည်နယ်ရန်ပုံငွေဖြင့် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၃ ရက်နေ့က မိသားစုနှင့် သူငယ်ချင်းများစွမ်းအား ကုမ္ပဏီမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်း တင်ဆက်မှု အစီအစဉ်ဆောင်ရွက်

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေး နိုင်ရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ CSO အဖွဲ့အစည်းဖြစ်သည့် ပါချန်မြစ် ထိန်းသိမ်း စောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၃ နာရီက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုင်းဖြတ်၌ ၂၉ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၉ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ပွဲတော်ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန် အလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စည်ပင်သာရေးအဖွဲ့ ဝန်ထမ်းမိသားစု၏ အဌမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူ ရေစက်ချ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန် ချက်များနှင့် အညီကျင်းပခဲ့ သည်။
Subscribe to