ကလေးသူငယ်အခွင့်အရေးနှင့်ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်း တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ        နိုဝင်ဘာ     ၂၆

ကလေးသူငယ်အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပသည်။

ကလေးသူငယ်အခွင့်အရေးနှင့်ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ဖြတ်သန်းမှုစကားဝိုင်းတွင် ဒေါ်ကျိန်ရှန်းလွန်း ၊Project Assistant(SACC)က လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နဲ့ပတ်သက်၍ ပြည်သူလူထုအတွက် ပါဝင်ဆောင်ရွက်ခဲ့သော အခန်းကဏ္ဍ၊ ကလေးသူငယ်အခွင်အရေး ချိုးဖောက်မှုများ ယခုကာလ အတွင်း ဖြစ်ပေါ်နိုင်ခြေနှင့် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ကလေးများနှင့်ပတ်သက်၍ အဓိက ဆောင်ရွက်သော ဝန်ကြီးဌာနတစ်ခုဖြစ်သဖြင့် ယခုကာလအတွင်း မြန်မာပြည်ရှိ ကလေး သူငယ်များနှင့်မိဘများအတွက် ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ မိဘများအနေဖြင့် ယခုကဲ့သို့သော ရောဂါကပ်ဆိုးကြီးအတွင်း အိမ်းတွင်း မိသားစုအားလုံးအပြင်မထွက်ရသည့် အချိန်များတွင် စိတ်ခံစားချက်နှင့် မိသားစုနှင့်အတူ ကျော်ဖြတ်နိုင်မှု အခြေအနေ ကိုလည်းကောင်း၊ ကလေးများအနေဖြင့် ယခင်ကပ်ရောဂါ မဖြစ်ခင်နှင့် ကပ်ရောဂါကာလအတွင်း မိဘတို့၏ ပြောဆိုဆက်ဆံမှု၊ ဆိုဆုံးမမှုနှင့်ပတ်သက်၍ ကွာခြားချက် များကိုလည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ကိုဗစ်ကာလအတွင်း ကလေးများ အကြမ်းဖက်မှု မဖြစ်စေရေးအတွက် တာဝန်ရှိသူများတဖက်မှဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်ချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးခုပ်ဘင်ဇမင် (အကြီးတန်းစာရေး)က လည်းကောင်း၊ မိဘများ၏ ကိုယ်စား ဒေါ်ညောလျန်းကျိန် ကလည်းကောင်း၊ ကလေးများကိုယ်စား မဒိမ့်စန်းနွမ်း (Blessed Hope ကလေးအဖွဲ့ကိုယ်စားလှယ်)က လည်းကောင်း၊ ဒေါ်ကျင့်အင်းကျိန် (တွန်းဇံမြို့နယ်အမျိုး သမီးရေးရာအဖွဲ့ အဖွဲ့ဝင်)တို့က လည်းကောင်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)