မင်းတပ် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူထုဗဟိုပြု စီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မင်းတပ်မြို့ စည်ပင်ခန်းမ၌ ကျင်းပသည်။
ယင်း လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ NGO၊ INGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက် ကြသည်။ စီမံကိန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း ပြုလုပ်ခြင်းဖြင့် ကျေးရွာနေပြည်သူလူထု များရရှိ ခံစားမည့် အကျိုးကျေးဇူးများ၊ လူထုဗဟိုပြုစီမံကိန်းကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၇၆ မြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နောက်ထပ် မြန်မာတစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် ကျေးရွာ အုပ်စု ၁၃ မြို့နယ်တွင် စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ ကျေးရွာ အုပ်စုအပေါ်မူတည်၍ ဘတ်ဂျက်များချထားပေးနေပြီဖြစ် ကြောင်း၊ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်ကျေးရွာ များတွင်သာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ယင်းစီမံကိန်းကို လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကျေးရွာအုပ်စုများ၏ အဓိကလိုအပ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ စီမံကိန်းများ ဝင်ရောက်လုပ်ဆောင်ခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ လမ်းပိုင်းဆက်သွယ်ရေး၊ နည်းပညာပိုင်းလိုအပ်ချက်များ၊ အသိမြင်ဗဟုသုတ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်နှင့် ကျေးလက်နေ ပြည်သူလူထုအနေဖြင့် အခြေခံလူမှုစီးပွား အဆောက်အအုံများနှင့် ဝန်ဆောင်မှု များအား လူထုဗဟိုစနစ်ကို ကျင့်သုံး၍ ရယူသုံးစွဲနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကျေးလက်နေ ကျေးရွာအုပ်စုရှိ တိုင်းရင်းသားများကို ဝန်ထမ်းခန့်အပ်၍ အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ထံ မှ သိရသည်။
လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ NGO၊ INGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက လွတ်လွတ်လပ်လပ် ဆွေးနွေးအကြံပြုကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)