ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ သုံးခွမြို့၌ ကျင်းပ
သုံးခွ ဇန်နဝါရီ ၈
န၀မအကြိမ်မြောက် ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ် ၁၁ ရပ်ကွက် အနော်ရထာလမ်းရှိ "မဟာအတုလဝေယံ" သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီမှ ည ၉ နာရီအထိ သုံးရက်တိုင်တိုင် ပူဇော်ပွဲကျင်းမည်ဖြစ်ကြောင်း သိရသည်။