မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီ မြို့နယ်တွင် Quarantine Centre အဖြစ် အ.ထ.က(၁)၊ အ.ထ.(၂)၊ အ.ထ.က တပ်ကြီးကုန်း၊ အ.ထ.က မင်းရွာတို့တွင် ဆောင်ရွက်ထားရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ် အမှိုက်များကို ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ် စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူများက စွန့်ပစ်အမှိုက်များကို လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ငါးကြီးဖမ်းရာသီတွင် ဆိပ်ကမ်းသာရေလုပ်သားများ မိသားစုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၌ ဧရာဝတီမြစ်အတွင်းရေလုပ်ငန်းလုပ်ကိုင်ကြသည့် ဆိပ်ကမ်းသာရေလုပ်သားများ ငါးကြီး ဖမ်းရာသီတွင် ငါးများရရှိကြသည့်အတွက် မိသားစုဝင်ငွေ အဆင်ပြေကြကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် မြေပဲစိုက်ပျိုးမှုဧက လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အဓိကသီးနှံအဖြစ် မိုးရာသီတွင် စပါး၊ ဆောင်ရာသီတွင် မြေပဲ၊ ပဲပုတ်၊ နှမ်းနှင့်ကြံတို့ကို စိုက်ပျိုးထားရှိရာ မြေပဲစိုက်ပျိုးမှု ဧက (၈၀၀၀) ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ်လမ်းခင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် အိမ်​ထောင်စု (၅၄၀) စု၊ လူဦးရေ (၃၂၂၀)ဦး တို့အား အကျိုးပြုမည့် သာယာကုန်းကျေးရွာအုပ်စု ​​ဝါးဂု​တ္တောကျေးရွာ ၊ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်​နေ့က စတင်အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ခဲ့ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၁၁၂)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူ(၁၁၂)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက် မြို့တွင်းလမ်းအား ကွန်ကရစ်လမ်းခင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက် မြို့တွင်းလမ်းအား လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ (၃) လပတ် ခွင့်ပြုရန်ပုံငွေ (၄၂.၀၂၄ ) ကျပ်သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး Mask Campaign ဆောင်ရွက်

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာ ရေးဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှဖြင့် နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင် ရေးလူထုလှုပ်ရှားမှုစီမံချက်ကို ယနေ့နံနက် ၉ နာရီအချိန်ကကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းဘေး ကွန်ကရစ်လမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေး ဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃.၂၄၀) ကျပ်သန်း ဖြင့် ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းဘေးက ကွန်ကရစ် လမ်းတိုးချဲ့ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to