ကွမ်းလုံ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် ပြည်နယ်ရန်ပုံငွေဖြင့် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၃ ရက်နေ့က မိသားစုနှင့် သူငယ်ချင်းများစွမ်းအား ကုမ္ပဏီမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းအနေဖြင့် အလျား ၆၀၀ ပေ၊ အမြင့် (၅ ပေ ၆ လက်မ)+ Chain link ကာရံခြင်းအတွက် ကျပ်သန်း(၁၄.၃)ဖြင့် ဆောင်ရွက်လျက်ရှိပြီး မြသံလွင်ပန်းခြံအတွင်း အများပြည်သူ အပန်းဖြေနိုင်စေရန်အတွက် ကွန်ကရစ်လျှောက်လမ်းခင်းခြင်း၊ ပန်းခုံများပြုလုပ်ခြင်း၊ ကွန်ကရစ်ထိုင်ခုံများ ပြုလုပ်ခြင်းနှင့် ကလေးကစားကွင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)