အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို Virtual ဖြင့်ကျင်းပ
ကရင်ပြည်နယ် အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို online ဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ ပြည်နယ်/ ခရိုင် / မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ UN၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များ စုစုပေါင်း၂၄၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။