အင်းစိန်မြို့နယ် ခန်းမ၌ လူထုတွေ့ဆုံပွဲ ကျင်းပ
အင်းစိန် ဇန်နဝါရီ ၈
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉နာရီက အင်းစိန်မြို့နယ် ခန်းမကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က မြို့နယ်လူထုနှင့်တွေ့ဆုံပွဲ ကျင်းပရခြင်းအကြောင်း ပြောကြားပြီး အင်းစိန် အမှတ် -၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒေသဖွံဖြိုးရေး ဆောင်ရွက်ချက် များနှင့် ပက်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။