ဓနုဖြူမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား Read more about ဓနုဖြူမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် ယနေ့ နံနက် (၀ဝး၂၅) နာရီခန့်က မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်စီးပြီဖြစ်၍ အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိ Read more about ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်စီးပြီဖြစ်၍ အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ၎င်းရွှေတောင် ဓာတ်အားခွဲရုံ အနီး ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေးဆောင်ရွက်လျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
လှိုင်းဘွဲမြို့နယ် လက်ခတ်ကျေးရွာတွင် ကြုံစိုက်ခင်းကို စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုး Read more about လှိုင်းဘွဲမြို့နယ် လက်ခတ်ကျေးရွာတွင် ကြုံစိုက်ခင်းကို စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများတွင် ကြံစိုက်ခင်းများ စိုက်ပျိုးခြင်းကို အများအပြား စိုက်ပျိုးလျက်ရှိရာ နောကောကျေးရွာအုပ်စု လက်ခတ်ကျေးရွာတွင် မိသားစုတစ်ပိုင် စီးပွားဖြစ်စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက စစ်ဆေး Read more about လှိုင်းဘွဲမြို့နယ်တွင် စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက စစ်ဆေး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးအတွက် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄)ရက်ပြည့်မြောက်သူ (၂၅)ဦးအား နေရပ်သို့ ပြန်လည်စေလွှတ် Read more about လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄)ရက်ပြည့်မြောက်သူ (၂၅)ဦးအား နေရပ်သို့ ပြန်လည်စေလွှတ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီစဉ်ဆောင်ရွက်ပြီးစောင့်ကြည့် လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သစ္စာလင်းမြိုင် ကန့်သတ် စောင့်ကြည့်ရေးစခန်းမှ ၁၄ ရက် ပြည့်မြောက်သူ(၂၅)ဦးအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့က မိမိနေအိမ်သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းမြို့နယ်တွင် ဆောင်းနှမ်းစံကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာများ လိုက်နာ ဆောင်ရွက်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက် Read more about စစ်ကိုင်းမြို့နယ်တွင် ဆောင်းနှမ်းစံကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာများ လိုက်နာ ဆောင်ရွက်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက် စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အုန်းတော နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ အောင်သာကျေးရွာအုပ်၊ ရွာသစ်ကျေးရွာ တောင်သူ ဦးသန်းလှိုင်ဦး ကွင်းအမှတ် (၆၂၃/ ၁၆၀၅) ဦးပိုင် အမှတ်(၈၆)မှ ဆင်းရတနာ(၃) နှမ်းမျိုး(၅)ဧကအား စံပြရိတ်သိမ်းမှုအပေါ် ရိတ်သိမ်းချိန်လွန် နည်းပညာလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့၊ နေ့ပိုင်းက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ဆေးရုံမှဆင်းခွင့်ရရှိ Read more about နတ်မောက်မြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ဆေးရုံမှဆင်းခွင့်ရရှိ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြု လူနာခုနှစ်ဦး ယမန်နေ့နံနက်ပိုင်းက ဆေးရုံ မှဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာတွင် လူသတ်မှုဖြစ်ပွား Read more about ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာတွင် လူသတ်မှုဖြစ်ပွား ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ပတိုငံကျေးရွာတွင် နိုဝင်ဘာလ ၂၄ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်လိုက်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာမှ ယာဉ်မောင်း(၁)ဦးတွင် ရောဂါပိုးတွေ့ရှိ Read more about ကျောက်ပန်းတောင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်လိုက်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာမှ ယာဉ်မောင်း(၁)ဦးတွင် ရောဂါပိုးတွေ့ရှိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်လိုက်များကိုအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ယာဉ်မောင်း(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၊ သပြေချောင်း တပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များအား ကြည့်ရှုစစ်ဆေး Read more about ထားဝယ်မြို့နယ်၊ သပြေချောင်း တပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များအား ကြည့်ရှုစစ်ဆေး တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ သပြေချောင်း တပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။