ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Quaratine ဝင်နေသည့် ယာဉ်နောက်လိုက် တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကလေးမြို့မှ ဖလမ်းမြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာသည့် ယာဉ်နောက်လိုက် တစ်ဦးသည် ယာဉ်မောင်းတွင် ရောဂါပိုးတွေ့ရှိခြင်းကြောင့် ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ အသွားအလာကန့်သတ်နေစဉ် ယမန်နေ့က ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျိုက်မ​ရော၌ အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ်ထိ လစဉ်ပုံမှန်ကာကွယ် ​​ဆေးထိုး​ဆေးတိုက်ခြင်း​ ဆောင်ရွက်​

ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ​အသက်နှစ်လမှ တစ်နှစ်ခွဲအထိက ​လေးငယ်များအား လစဉ်ပုံမှန် ကာကွယ်​ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို ယ​နေ့နံနက် ၉နာရီ မှစ၍ ရန်မျိုးအောင်ရပ်ကွက် ​ကျန်းမာ​ရေး​ဆေး​ပေးခန်း၌ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ကန့်ဘလူ၌ (၇၅) ကြိမ်မြောက် ဘုံမဟာကထိန်အလှူတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ (၇၅) ကြိမ်မြောက် မဟာဘုံကထိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုမှ ဘုံမဟာကထိန်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က မြို့ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 72460 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case -72460 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယင်းမာပင်မြို့မှ လာရောက်ဆေးကုသသူ အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ဖျားနာအဆောင်တွင် ယင်းမာပင်မြို့နယ်မှ လာရောက်၍ ဆေးကုသမှုခံယူနေသူ (၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရွာသစ်ကြီးကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိမှုဆောင်ရွက်နိုင်ရေး Level Survey တိုင်းတာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ကန်ကျေးရွာအုပ်စု ရွာသစ်ကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းဆောင်ရွက်ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

Mobile TB Team အဖွဲ့ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်တွင် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် တီဘီရောဂါ ကင်းဝေးပပျောက်ရေး၊ လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထွန်းကျော်စိုး ဦးဆောင်သော Mobile TB Team အဖွဲ့သည် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီးယနေ့နံနက်ပိုင်းတွင် ပြည်စံအောင် ရပ်ကွက်ရှိ ပညာရောင်ခြည်ကျောင်းတိုက်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်း လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။

ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းအား ယမန်နေ့ ည(၆)နာရီ မှ (၈)နာရီ (၃၀) မိနစ်အချိန်ခန့်အထိ ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ် ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့သည်။

ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်(၂)ဦး ထပ်မံဝင်ရောက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
Subscribe to