မအူပင်မြို့၌ တားမြစ်ထားသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ မရောင်းချရန် စစ်ဆေး

မအူပင်  ဒီဇင်ဘာ ၄

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများ ဘေးထွက်ဆိုးကျိုးမဖြစ်စေရန်အတွက် နိုင်ငံတော်မှ တရားဝင် တားမြစ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်အတွက် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးဆိုင်များသို့ အသိပေးကြေငြာထား လျက်ရှိပြီး လိုက်နာမှု ရှိ/မရှိအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် မြို့နယ်အဆင့် စားသုံးသူရေးရာ ကော်မတီဝင်ဌာနဆိုင်ရာများအား ယမန်နေ့ နံနက် ၁၀ နာရီတွင် ဈေးဆိုင်များအား စစ်ဆေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ အဖွဲ့သည် ဈေးကွက်အတွင်း A Ptamil Brand, Fomulated Milk Powder များအား မရောင်းချရန်အတွက် မအူပင်မြို့မဈေးနှင့် ရပ်ကွက်အလိုက် အရောင်းဆိုင်များအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးကာ ရောင်းချြခင်းမပြုရန် အသိပေး တားမြစ်ခဲ့ကြောင်းသိရသည်။

 အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)