တောင်ဥက္ကလာပမြို့နယ်၌ ပထမအကြိမ်နှစ်ဦးအကြို စုပေါင်းစက်ဘီးစီနင်းပွဲနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေးလှုပ်ရှား
ရန်ကုန် ဇန်နဝါရီ ၁၂
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပထမအကြိမ်နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးပွဲနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၆ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့သည်။