မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့တွင်းလမ်းဆုံ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မြို့မရဲစခန်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။