နမ့်ဆန်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဆေးကုသမှု ခံယူနေသူ (၁၀)ဦး အနက်မှ ယနေ့မွန်းလွဲပိုင်းတွင် ပိုးတွေ့လူနာ အမှတ်(၃)နှင့် ပိုးတွေ့လူနာ အမှတ်(၄) တို့သည် ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိပြီး ယနေ့အထိ စုစုပေါင်း ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ (A) အဆင့်ရှိသည့် ဆိုင်ပေါင်း (၂၀) အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏

ညောင်ရွှေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းသောက်ကျေးရွာ၌ Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သည် လတ်တလောကူးစက်ဖြစ်ပွားနေ သည့် Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့် ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျှက် ရှိရာ ဒီဇင်ဘာ (၇)ရက် နံနက်ပိုင်းက

ကျိုက်မ​ရော၌ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ် ၊ ကျိုက်မ​ရောမြို့နယ်တွင်  မွန်ပြည်နယ် အမျိုးသမီး ​ကော်မတီ၏ ဦး​ဆောင် မှုဖြင့် ဆောင်ရွက်သည့် ကျား/မ အ​ခြေပြု အကြမ်းဖက်မှု ဆိုင်ရာ ဖြစ်ရပ်စီ မံခန့်ခွဲမှု သင်တန်း ( Case Management on GBV  Training) သင်တန်းဖွင့်ပွဲကို ယ​နေ့နံနက် ၉ နာရီခန့်က အ​ထွေ ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန (​ရွှေဟင်္သာ)ခန်းမ၌ပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၌ Facility Qurantine ဝင်ရောက်နေသူ(၃)ဦးအား နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ မြို့နယ်မနောကွင်းခန်းမ၌ Facility Qurantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေးမြို့၊ ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ကျပ်ငွေသန်းပေါင်း (၂၇၈) ကျော်ဖြင့် အကုန်ကျ ခံကာ ပြန်လည်တူးဖော်ခြင်း ဆောင်ရွက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ငွေကျပ်သန်းပေါင်း (၂၇၈.၅၄၅) ဖြင့် အကုန်ကျခံကာ ပြန်လည်တူးဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ Coronavirus Disease 2019 (COVID-19) အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)၌ မိုးစပါးများ စတင်ရိတ်သိမ်း

ဒေသဝမ်းစာ ဖူလုံရေးနှင့်တောင်သူများအနေဖြင့် သီးထပ်သီးညှပ်များ အချိန်မီ ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ရေး တို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် တောင်သူများက မိုးစပါးများ စတင် ရိတ်သိမ်းလျက် ရှိကြောင်း သိရသည်။
Subscribe to