ပုလောမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ် (၁၀၀) ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။

အမာမြို့၌ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်းမြို့နယ်၊ အောက်မအူတုံးကျေးရွာအုပ်စု၊ ကုန်းတန်းရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ ဘေးသင့်ပြည်သူ ၃ ဦးအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်က ဘေးသင့်ပြည်သူ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

မော်လမြိုင်ခရိုင်၌ လူငယ်နှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန CommunityCenter၌ မျိုးဆက်သစ်လူငယ် များအတွက် မျိုးဆက်ပွားကျန်းမာရေး အသိပညာ ရရှိစေရန် ရည်ရွယ်၍ လူငယ်နှင့်မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးTalk Showကို ယမန်နေ့မွန်းလွဲ၁နာရီက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign )အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယမန်နေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သရက်ချောင်းမြို့၌ Shopping Method ဖြင့် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ ရွေးချယ်ဝယ်ယူခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး လုပ်ငန်းသုံးပစ္စည်းများအား ဒေသ လုပ်ငန်းရှင်များမှ လုပ်ငန်းခွင်အရောက် အဆိုပြု ဈေးနှုန်းများတင်သွင်းပြီး ပစ္စည်းများ ရွေးချယ်ဝယ်ယူခြင်း (Shopping Method) အား ပွင့်လင်းမြင်သာစွာဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် ငရုတ်သီးစိမ်းဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာ စိုက်ပျိုးခြင်းမှ မိသားစုတစ်နိုင်တစ်ပိုင်ခြံများ စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ ငရုတ်သီးစိမ်းပင်များ စိုက်ပျိုးရောင်းချခြင်း ပြုလုပ် သူများ အမြတ် ငွေပိုမို ရရှိလျက်ရှိကြောင်း သိရသည်။

တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)တွင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့်မော်တော်ယာဉ်များ သတ်မှတ် ကုန်တင်တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်ခြင်း မပြုစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဝေလင်းတို့နှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၁၈၅)၊ ဦးပိုင် (၁၁၃) တောင်သူ ဦးဉာဏ်လှ၏ စင်းသုခစပါးပျိုးခင်းစံ ကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မံစီမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ကို ပုံမှန်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မံစီမြို့တော်ခန်းမ၌ အသက် ၂ လ မှ ၆ လအရွယ် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Subscribe to