သရက်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇) နာရီက ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။