လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွန်ကရစ် လမ်းခင်းခြင်းနှင့် Box Culvert များ တည်ဆောက်နေမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box Culvert များတည်ဆောက်နေမှု လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် ၊ လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ ခရိုင်အင်ဂျင်နီယာ ဦးကြည်စန်း၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုနန္ဒာခိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအမှုဆောင်တို့ ပူးပေါင်း၍ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။