မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၄၁ ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်း
မော်လမြိုင်ကျွန်းမြို့နယ်ခုတင် ၁ဝဝ ဆေးရုံကြီးနှင့်မြို့နယ် တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)၊ ဒေါ်မေမေစိန်ဗိမာန်(ယာယီဆေးရုံ) တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယနေ့ နေလယ်ပိုင်းတွင် ကျန်းမာရေးကောင်းမွန်သဖြင့်( ၁၇) ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဆေးရုံမှ ၄၁ ဦးဆင်းခွင့်ရရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူများ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။