ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ဝေါမြို့မဈေးနှင့် ပျံကျဈေးတို့၌ ယနေ့ နံနက်ပိုင်းက အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။