မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၅) Quarantine Centre တွင် Quarantine ဝင်ရောက်နေသူ (၄၈)ဦးကို Swab ယူစစ်ဆေးရာ (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့်ဆက်စပ်သူများ ထားရှိသည့် အ.ထ.က(၅) Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Swab ယူစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့သည်။