ထီးချိုင့် ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင် စန်းနှင့် ဝန်ထမ်းများသည် ညောင်ပင်သာနည်းပညာ ပြန့်ပွားရေးစင်တာအတွင်းရှိ မရသိမ် အုပ်စု၊ ဝါးပိုချောင်းကျေးရွာ တောင်သူဦးဇော်နိုင်မြင့် ကွင်းအမှတ်(၈၇၆)၊ ဦးပိုင်အမှတ်(၄၇) နွေစပါး ဆင်းသုခ (R-S) (၃.၀၀) ဧကအား ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးနည်းစနစ် (SRI )ဖြင့် စိုက် ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အကျိုးဆောင်တောင်သူများနှင့် ကောက်စိုက်သမများအာ ပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။
ထီးချိုင့်မြို့နယ်တွင် မိုးရွာသွန်းမှုအနေဖြင့် ပုံမှန်ရွာသွန်းရမည့်အချိန်များတွင် ရွာသွန်းခြင်း မရှိပဲ မိုးရေမလိုအပ်သည့်အချိန်များတွင်ရွာသွန်းခြင်း၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့်ရာသီဥတု ပြောင်းလဲမှုကိုအခြေခံ၍ တောင်သူများမှလည်း စိုက်နည်းစနစ်၊ ဒေသနှင့်ကိုက်ညီမည့် မျိုးကောင်း မျိုးသန့်များကို ပြောင်းလဲသုံးစွဲပြီး ဂေဟစနစ်ကိုထိခိုက်မှုနည်းသည့် သဘာဝမြေဩဇာနှင့် ဘက်စုံ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းလမ်းတွေကို တွဲဘက်ကျင့်သုံးပြီး စိုက်ပျိုးဖို့လိုအပ်ကြောင်း၊ နှစ် စဉ်ကြုံတွေ့နေရသည့် နွေစပါးစိုက်ခင်းများတွင် အပင်ဖြစ်ရေနှင့်အောင်ရေတို့ကို တစ်ဖက်ပိတ်ဆည် များ၊ အင်းများမှ လုံလောက်စွာမရရှိသည့်အတွက် တောင်သူအချင်းချင်းရေလုရာမှ အခြားမလိုလား အပ်သည့်ပြဿနာများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေအသုံးပြုမှုနည်းပါးသည့် စပါးအစွမ်းဖွင့်စိုက် ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ကွင်းသရုပ်ပြပွဲမှတဆင့် တောင်သူအချင်းချင်းနည်းပ ညာပြန့်ပွားပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာစေခြင်း၊ ကောက်စိုက်သမများ စနစ်တကျလေ့ ကျင့်ပညာပေးခြင်းဖြင့် အခြားသော တောင်သူစိုက်ကွက်များတွင်လည်း စနစ်တကျဆောင်ရွက်လာ နိုင်ခြင်း၊ တစ်ဧကမျိုးအသုံးပြုမှုလျော့ချလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်စန်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)