၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေ
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန် ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ မြို့မစည်ပင်သာယာစျေးကြီးနှင့် လူစည်ကားရာ ကားဂိတ်များနှင့် အနှေးယာဉ် ဂိတ်များရှိ ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။