မသန်စွမ်းကလေးငယ်များအတွက် ကလေးစီးWheel Chairများ လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၁၀

Korea Hanbeot Foundation မှ မသန်စွမ်းကလေးငယ်များအတွက် လှူဒါန်းပေးသော ကလေးစီး Wheel Chair များနှင့် We Love Bago အဖွဲ့မှ လှူဒါန်းပေးသည့် အလှူငွေများကို ဒီဇင်ဘာ ၉ ရက မွန်းလွဲပိုင်းက We Love Bago အဖွဲ့သားများက ပြန်လည်၍ ပဲခူးမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ မသန်စွမ်းကလေးများ ငယ်အတွက် အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်အောက် မသန်စွမ်းကလေးများအနေဖြင့် မိဘ၊ ညီအကို‌ မောင်နှမများနှင့် အတူ သွားလာနိုင်စေရန်၊ မိသားစုတွင် ဝန်ပိုးမဖြစ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပဲခူးမြို့ရပ်ကွက် အသီးသီးရှိ ဆင်းရဲချို့တဲ့သော မိသားစုများမှ မသန်စွမ်း ကလေးများအပြင် သာသနာ့နွယ်ဝင် မသန်စွမ်းသီလရှင် ဆရာလေးများကိုလည်း လှူဒါန်းမှု ပြုလုပ်ပေးရာ စုစုပေါင်း ကလေးစီး Wheel Chair (၃၈)စီး လိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍လည်း ပဲခူးမြို့ ရပ်ကွက်အသီးသီးတွင် ဆင်းရဲချို့တဲ့သော မိသားစုများမှ မသန်စွမ်းကလေးငယ် အတွက် Wheel Chairများ လိုအပ်ပါက ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ပြီး ပဲခူးမြို့ သီရိဟံသာ ခန်းမတွင် ဖွင့်လှစ်ထားရှိ သော We Love Bago အဖွဲ့မှ ဦးငြိမ်းချမ်းအောင် (Nyein Chan Aung) ၀၉၅၃၀၀၅၇၇ နှင့် ဦးသိန်းထိုက်လင်း ၀၉၂၅၀၁၁၁၈၈၃ တို့ထံ ဆက်သွယ်ကာ အကူအညီတောင်းခံ နိုင်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)