မိုင်းရယ်မြို့တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့ နံနက်(၉)နာရီက မိုင်းရယ် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးနှင့် ယာယီပျံ ကျစျေး များ အတွင်း ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့ပါသည်။