ရှားတော ဒီဇင်ဘာ ၁၀
ကယားပြည်နယ်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ (၁၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွေးအောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သင်တန်းများ၊ လမ်း၊ တံတား၊ သောက်သုံးရေ ရရှိရေး၊ မြစိန်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)