ကလေး ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ရပ်ကွက်(၅)ခုအား ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၁၀ရက်နေ့မှစတင်ကာ Stay At Home အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမိန့်ထုတ်ပြန်လျက်ရှိရာ အဆိုပါ ရပ်ကွက်အတွင်းရှိပြည်သူများ အဓိကလိုက်နာရမည့် အရေးကြီးအချက် (၁၄) ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ၂နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုနှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ရှားမီး(ခ)အေးအေးမူတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် တက် ရောက်လာ ကြသည့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန် အတွက် Stay At Home ရပ်ကွက်(၅)ခုအတွင်းရှိ ပြည်သူများ အဓိကလိုက်နာရမည့် အရေးကြီးအချက် (၁၄)ချက်နှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း(၂၄၇)ဦးအထိရှိလာကာ (၁၈၅)ဦးမှာဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့်အတည်ပြုလူနာ (၆၂)တို့ကို တိုင်းရင်းဆေးရုံရှိအထူးကြတ်မတ်ကုသဆောင်နှင့်ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်တို့တွင် ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)