တီးတိန်၌ ''လှုပ်လှုပ်ရှားရှားလူထုအား ကစား Physical Fitness Dance မြို့ နယ်အဆင့် ပြိုင်ပွဲဝင်ဆုရရှိသူများကိုဆုများချီးမြှင့်

တီးတိန်       ဒီဇင်ဘာ       ၁၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် မြို့နယ်ကိုယ်စားပြု ''လှုပ်လှုပ်ရှားရှား လူထုအားကစား''Physical Fitness Dance လှုပ်ရှားမှုပြိုင်ပွဲ အမှတ်စဉ်(၂)နှင့် အမှတ်စဉ်(၃) ပြိုင်ပွဲဝင် ဆုရရှိသူများကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးဦးရှန့်ခန့်ခွာလ်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် တီးတိန်မြို့နယ် အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက ဆုရှိသူများအား ဆုများချီးမြှင့်သည်။ ''လှုပ်လှုပ်ရှားရှားလူထုအားကစား''Face book page တွင် (၃)မိနစ်ခန့် Physical Fitness Dance လှုပ်ရှားမှုတစ်နိုင်ငံလုံးပြိုင်ပွဲဖြစ်၍ ပြိုင်ပွဲအမှတ်စဉ်(၈)အထိ သတ်မှတ် ကကွက်ပွဲစဉ်ဇယားအတိုင်း ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲအမှတ်စဉ် (၉)တွင် စိတ်ကြိုက်ကကွက်ဇယားအတိုင်း ယှဉ်ပြိုင်ကြ ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိဖြစ်ကြောင်း၊ ယခုပြိုင်ပွဲအမှတ်စဉ် (၃)တွင် (၂၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)