ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အခြေခံဗီဒီယိုတည်းဖြတ်ခြင်း (Basic Video Editing) အွန်လိုင်းသင်တန်းဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော အခြေခံဗီဒီယိုတည်းဖြတ်ခြင်း(Basic Video Editing) အွန်လိုင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် နတ်တလင်းမြို့နယ် အတွင်းရှိ ကရင်တိုင်းရင်းသား လူမျိုးများ တွေ့ဆုံ၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများဆွေးနွေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းသားရေးရာဝန်ကြီး  ဒေါ်နော်ဖွယ်စေးသည် ဒီဇင်ဘာ ၁၄ ရက်  နံနက် (၁၀) နာရီက နတ်တလင်းမြို့နယ်အတွင်းရှိ   ကရင်တိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ရန် ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က မယ်ဆည်နမ်ကျေးရွာ ခန်းမဆောင်နှင့် ကျောက်စုကျေးရွာ ခန်းမဆောင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ခြင်းကို ယမန်နေ့က စမ်းစုကျေးရွာနှင့်အင်းမီး‌ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်၍အသိပညာပေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက (၁၆)ရပ်ကွက်တွင် လူထုအခြေပြု အကောင်အထည်ဖော် စီမံချက်အရ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကုန်စည်နှင့်ခရီးသည်တင်ယာဉ်များကို မောင်းနှင်သူနှင့် ယာဉ်နောက်လိုက် များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းမှု စစ်ဆေးဆောင်ရွက်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ကုန်စည်နှင့်ခရီးသည်တင်ယာဉ်များ ကို မောင်းနှင်လာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းမှု စစ်ဆေးဆောင်ရွက်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁၃ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Mobile Market စျေးရောင်းယာဉ်များဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသား၊ ငါး၊ စားသောက်ကုန်များအားရပ်ကွက်များအတွင်းလှည့်လည်ရောင်းချ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအားစစ်ဆေးအရေးယူခြင်းကို  ရန်ကုန်အရှေ့ပိုင်းခရိုင်၊   ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ

ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၃၆)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၆)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုမရှိစေရေးအသိပညာပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပျံကျစျေးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအား လှည့်လည် အသိပေး နှိုးဆော်ခြင်း၊ mask တပ်ဆင်ခြင်းရှိ/မရှိစစ် ဆေး ခြင်းများကို ယ နေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက် ခဲ့သည်။
Subscribe to