ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အခြေခံဗီဒီယိုတည်းဖြတ်ခြင်း (Basic Video Editing) အွန်လိုင်းသင်တန်းဖွင့်လှစ်

ပြည်    ဒီဇင်ဘာ  ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော အခြေခံဗီဒီယိုတည်းဖြတ်ခြင်း(Basic Video Editing) အွန်လိုင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် Majestic Myanmar Mediaမှ ဆရာဦးဖုန်းမြင့်အောင်(MD, Majestic Myanmar Media) ၊ ဆရာမဒေါ်နေရည်လင်း(Director, Majestic Myanmar Media)နှင့် ဆရာမ ဒေါ်မြတ်လေးဆွေ(Director, Majestic Myanmar Media)တို့က အခြေခံဗီဒီယိုတည်းဖြတ်ခြင်း(Basic Video Editing)နည်းပညာရပ်များကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၀၂၁ခုနှစ် မတ်လ ၁၁ ရက်နေ့အထိ (၃)လကြာ အပတ်စဉ် ရုံးဖွင့်ရက်များအတွင်း  အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းသိရပြီး သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှဝန်ထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများမှ သတင်းရယူပေးပို့ခြင်းလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်နေသော ဝန်ထမ်းများ စုစုပေါင်း ၅၀ ဦးတက်ရောက်ကြောင်းနှင့် အဆိုပါဝန်ထမ်းများအား သတင်း၊ မှတ်တမ်း၊ အစီအစဉ်များကို ရိုက်ကူး၍ ကိုယ်တိုင် အလွယ်တကူတည်းဖြတ်နိုင်ပြီး အဆင့်မီ Video Program တစ်ခု ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)