ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံ(အရှေ့)  ဒီဇင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအားစစ်ဆေးအရေးယူခြင်းကို  ရန်ကုန်အရှေ့ပိုင်းခရိုင်၊   ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် အတွင်းရှိ အမှတ်(၁၁၈)ရပ် ကွက်  ဦးမြူလမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်ရှိ ယာယီ ပျံကျစျေး ညနေစျေးတွင် မြို့နယ်  ကိုဗစ်-၁၉ စည်းကမ်း ထိန်း သိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း ၍ စစ်ဆေး အရေး ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ် အရေးယူခြင်းကို  မြို့နယ်  ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့အင်အား ၁၅ ဦးမှ   ပါးစပ် နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းစျေး ဝယ်သူများ၊ လမ်းသွား လမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များအပေါ် လိုက်ပါလာသူများအား ပါးစပ်၊နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိပါက (mask) တစ်ခုလျင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့်စနစ်ဖြင့် ဆောင်ရွက် ခဲ့ရာ တွင်ကျား(၄၁)ဦး၊မ(၁၂)ဦး၊စုစုပေါင်း (၅၃)ဦး စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား  အိမ်ပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ပညာပေး ပြောကြား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)