ပုသိမ်မြို့ ကုတင် ၅၀၀ ဆံပြည်သူဆေးရုံးကြီးသို့ အောက်ဆီဂျင်စက် ဝယ်ယူရန် အလှူငွေလာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ကာလတွင် အသုံးပြုရန်၊ အောက်ဆီဂျင်စက် ဝယ်ယူရန်အတွက် ငွေကျပ် ၁၃၃၉၆၁၅၀/- (တစ်ရာသုံးဆယ်သုံးသိန်း ကိုးသောင်းခြောက်ထောင့် တစ်ရာငါးဆယ်/-) အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်ဆေးရုံအုပ်ကြီး ရုံခန်း၌ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် မင်္ဂလာဦးရပ်ကွက်အား (Stay at Home) အမိန့် ထပ်မံထုတ်ပြန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိနယ်မြေနှင့် လမ်းအချို့ကို မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ကြေညာခဲ့ပြီး တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်းရှိ ပရဝုဏ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) ညွှန်ကြားချက်အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။

ညောင်ရွှေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်များ လှူဒါန်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ နန္ဒဝန်ရပ်(၆)အကွက်နှင့် ဘုရားကြီးကျေးရွာတို့မှ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု ၅၂ စုသို့ အခြေခံစားသောက်ကုန်များကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

နွေရာသီကာလရေရှားပါးမှုမရှိဘဲ သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ရေးအတွက် မြေသားမိုးရေလှောင်ကန် တူးဖော်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဆယ်ပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှားမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် မြေသားမိုးလှောင်ရေကန် တူးဖော်ပေးလျက်ရှိ ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အချို့အား ပြန်လည်ရောင်းချခွင့် ပြုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

တနိုင်းမြို့နယ်၌ Mask Campaign နှင့် ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား၌ ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်း အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲ Online ဖြင့်ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်း ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေး ခန်းမ၌ Online မှကျင်းပခဲ့ရာ ကချင်ပြည်နယ် အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အဆောက်အဦ သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ် တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း တက်ရောက်ပြီး ရုံးအဆောက်အဦသစ်အား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်၌ ကွမ်းစျေးနှုန်းမြင့်တက်လာ၍ ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ပုသိမ်မြို့နယ်၊ကမ်းနီဖျားကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် တစ်ရွာလုံး လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် လုပ်ငန်းဖြစ်သည့် ကွမ်းစိုက်ပျိုးခြင်းကို အိမ်တိုင်းလိုလို စိုက်ပျိုးနေကြောင်းသိရသည်။ ကျေးရွာတွင် လူနေအိမ်ခြေ စုစုပေါင်း ၇၀၊ ၈၀ ခန့် နေထိုင်လျက်ရှိပြီး အိမ်တိုင်းလိုလို ကွမ်းရွက်များစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ တီးတိန်မြို့၊ ဘွာလ်းဇန်အားကစားခန်းမ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်အစိုးရအဖွဲ့၊ တီးတိန်မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်း ရပ်ကွက်တွင် တည်ဆောက်သည့် ဘွာလ်းဇန်အားက စားခန်းမ တည်ဆောက်ပြီးစီးမှုကို ယမန်နေ့က ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
Subscribe to