ချင်းတွင်းမြစ်၏ ရေနည်းကာလအတွင်း ရေလမ်းအသုံးပြုသူများလိုက်နာရန် ရေစူး ကန့်သတ်ချက်များထုတ်ပြန်

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသောရေယာဉ်များ ချင်းတွင်းမြစ်၏ ရေနည်းကာလ များတွင် လိုက်နာရန် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ပေးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း ထံမှ သိရသည်။

လဲချားတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း နှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇နာရီအချိန်တွင် မြို့မစျေးနှင့် ပျံကျစျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့် မြို့မဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ မြို့မစည်ပင်သာယာ‌ ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်ခြင်းရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၈ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်၌ မီးဘေးသင့် အိမ်ထောင်စု(၂၄)စုအတွက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်နေ့က မီးလောင်ခဲ့ရာ အိမ်ထောင်စု ၂၄ စု မီးသင့်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ပန်းမုံလာ သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ များသည် မြေအောက်ရေကို စနစ်တကျ သုံးစွဲ၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူ များ ထံက သိရသည်။

မြဝတီမြို့ရှိဈေးများတွင် နှာခေါင်းစည်းမပါဘဲ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို အခုဝယ် အခုတပ်စနစ် ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေးနှင့် ကျွန်းတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လိပ်သိုမြို့ Quarantine Centre အတွက် တစ်ကိုယ်ရည်အသုံးအဆောင် ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ လှူဒါန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကရင်အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ Quarantine Centre အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယမန်နေ့ နံနက်(၉:၀၀)နာရီ အချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်ရှိ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက် များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။

ကျုံပျော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှားခဲကျေးရွာရှိ Quarantine Center များအတွက် အခြေခံစားသောက်ကုန် များ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာများ ထပ်မံ‌ တွေ့ရှိလျက်ရှိပြီး Quarantine Center များလည်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ Quarantine ဝင်ရောက် သူများအဆင်ပြေစွာ စားသောက်နိုင်ရန် အတွက် ကျုံပျော်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အခြေခံစားသောက် ကုန်များလှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to