လေးမျက်နှာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြသည်။