ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအား ဒုတိယအကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအား ဒုတိယအကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက ပြည်လုံး ချမ်းသာရပ်ကွက်၊ အကွက် (၆၀) ရှိ မောင်းထောင်ဝင်းဓမ္မာရုံ၌ ပြုလုပ်သည်။

မွန်ပြည်နယ် သထုံမြို့ရှိ ယာယီပိတ်ထားသည့် မြို့မစျေးနှင့်သုဝဏ္ဏစျေးတို့အား ပြန်လည် ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ယာယီပိတ်ထားသည့် မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့ကို ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်မှစတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာစေကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဈေးသာယာရေးကော်မတီထံမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးအတွင်း စျေး​ရောင်း၊ စျေးဝယ် ပြုလုပ်​နေ​သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်​ရေးအတွက် mask တပ်ဆင်ပြီးသွား လာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေး ခြင်းနှင့် စည်းကမ်းထိန်းသိမ်း ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ် အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ ပူးပေါင်းကာ နှမ်းမျိုးကောင်း မျိုးသန့် ထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစုလုပ် အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ ပူးပေါင်းကာ နှမ်း မျိုးကောင်း မျိုးသန့် ထုတ်လုပ် ခြင်းသင်တန်းကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၉:၃၀) အချိန်က မြို့မနည်းပညာပြန့်ပွားရေး စင်တာတွင် ကျင်းပပြုလုပ် ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့် စုံမှန်ကန်‌ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်​နေ့ နေ့လယ် ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မင်းလှမြို့နယ်၌ Quarantine ထားရှိသူများနှင့် ဒေသတွင်း ကူးစက်ခံရသူနှင့် ထိစပ်ခဲ့သူတို့၏ Swab နမူနာများရယူ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း၌ Quarantine ထားရှိသူများအနက်မှ (၁၆၅)ဦးနှင့် ‌ဒေသတွင်း ကူးစက်ခံရ သူများနှင့် ထိစပ်ခဲ့သည့် (၄၁) ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဓာတ်ခွဲခန်း စစ်ဆေးရန် Swab နမူနာများ အား ယမန်နေ့က ရယူခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စောင့်ကြည့်စစ်ဆေးရန် ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre များ၌ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်က RDT Test ဖြင့် swabယူ (၁၆၅)ဦးရှိ ကြောင်း သိရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် (Online Learning System) ဖြင့် အရာထမ်း ငယ် အခြေခံသင်တန်းအမှတ်စဉ် (၈၇) ဖွင့်လှစ်ပို့ချ

နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေး စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၈၇) ကို (Online Learning System) ဖြင့် ယမန်နေ့နံနက် (၈) နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာရေးဌာနမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးသည့်ဆောင်းသီးနှံ ပန်းမုံလာ စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ် အိုင့်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင် သူများသည် မြေအောက်ရေကို အသုံးပြု၍ ဆောင်းသီးနှံ ပန်းမုံလာစိုက်ပျိုးရေးလုပ် ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပေါက်မြို့နယ် စခန်းလှကျေး ရွာမှ ဒေသခံ တောင်သူများထံက သိရသည်။
Subscribe to