တမူးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

တမူး မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့ရုံး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွန်းက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ပြီး တက်ရောက်လာသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရတနာ