ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကော့သောင်း ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်ရှိ ချောင်းစလန်း‌ကျေးရွာနှင့် (၁၅) မိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၈ ဒသမ ၅၄၅ သန်းဖြင့် ချောင်းစလန်း - ၁၅မိုင်လမ်း (၄/၂.၄၁) မိုင်ရှိသည့်အနက်လမ်းမိုင် (၁/၁-၂/၀.၆) ကြား မူလမြေသားလမ်း (၀/၇ ဒသမ ၆) မိုင်အား   ဒုခြောက်လက်မ၊ အကျယ် ၁၄ ပေ  ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ချောင်းစလန်း-၁၅မိုင်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဇူလိုင်လမှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဩဂုတ်၁၇ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)