အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရွာငံ ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းသို့ ရောက်ရှိနေကြသော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ရွာငံမြို့နယ်တွင် ယာယီနေရပ်စွန်ခွာပြည်သူ(၁၅၇)ဦးရှိပြီး တစ်လတစ်ဦးလျှင် ကျပ်(၂၀၀၀၀) နှုန်းဖြင့် (ဧပြီ ၊ မေ ၊ ဇွန်) သုံးလစာ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)