ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ မိုင်းဆတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (နားကော) ဝင်ရောက်ယှဉ်ပြိုင်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာအလယ်တန်းကျောင်း (နားကော) ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။