ကော့သောင်း ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင် ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးအတွက် အသက်ကယ်အင်္ကျီဝတ်ဆင်စေရေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းကမ်းနားရှိ လှေဆိပ်တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ကော်မတီအဖွဲ့ဝင်များ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေယာဉ်ငယ်အသင်းမှ ဝာာဝန်ရှိသူများက ပင်လယ်ရေကြောင်းဖြင့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ခရီးသွားလာကြမည့် ပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်စေရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)