ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ကျောင်းသားလူငယ်များ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ချမ်းအေးသာစံ၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ဥာဏ်ရည်မြင့်မားစေရန်နှင့် ကျန်းမာရေးဗဟုသုတများရရှိစေရန်အတွက် ရည်ရွယ်ကာ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ရန်ကင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ဖူးစားပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး အခြားသီးပင်၊ စားပင်များစိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ထိုင်ဝမ်ဖူးပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မင်းလှမြို့၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ်  ၂ နာရီက ဥယျာဉ်ကျေးရွာ မြမဉ္ဇူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်၊ မဟာဆဒ္ဒန်လိုဏ်ဂူတော် ခရီးစဉ်ဒေသအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်းရှိ သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀(ငါးသိန်းနှစ်သောင်း)ကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ လှာကဒေါင်အင်းအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

ကျွန်းစုမြို့၌ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော နေရာဒေသ (စံပြကျေးရွာ)ဆုပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော နေရာဒေသ (စံပြကျေးရွာ)ဆုပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၌ ကျင်းပသည်။

ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲနှင့် ဘင်ခရာ၊ ပန်းဖွားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲနှင့် ဘင်ခရာ၊ ပန်းဖွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် VOHBIK (ဗိုဟ်ဗစ်)ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကျောင်းရှိ ကျောင်းသားကလေးငယ်များအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိဘကလေးဂေဟာများ၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသားကလေးငယ်များ နေထိုင်စားသောက်မှုအဆင် ပြေစေရေးနှင့် ပညာသင်ကြားမှု ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကြီးကျောင်းတို့အား သွားရောက်ခဲ့ကြသည်။
Subscribe to