ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ချမ်းအေးသာစံ  သြဂုတ် ၁၉

ကျောင်းသားလူငယ်များ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ချမ်းအေးသာစံမြို့နယ် သူနာပြုဆရာမကြီး ဒေါ်တိုးတိုးဆွေ ဦးဆောင်သော ကျန်းမာရေးအဖွဲ့သည် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများအဖြစ် KG ကျောင်းသားများ၊ Grade -1၊ Grade-2 ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှူများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးများ၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သန်ချဆေးများ တိုက်ကျွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှူများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင် ဦးဆောင်ကာ ကျောင်းသားမိဘ အလှူရှင်တစ်ဦးမှ KG၊ Grade -1၊ Grade-2 ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအတွက် နေ့လယ်စာ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်