ပင်လောင်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပညာရည်ချွန်ဆုပေးပွဲနှင့် ဘင်ခရာ၊ ပန်းဖွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများ "ဒို့ကျောင်း ဒို့ဝန်းကျင်" တေးသီချင်းနှင့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့တို့က ဖျော်တင်တင်ဆက်ပေးပြီး၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကားနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဦးစိုင်းနော်ခမ်းက ကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုခမ်းက ကျောင်းနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို အသီးသီးပြောကြားကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ပညာရည်ချွန်ဆုများ၊ ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက Fitness dance ၊ အေရိုးဗစ် အကများ၊ "ဘက်စုံပညာကိုရည် ဒို့လှမ်းချီး" တေးသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်