အထက်မင်းလှ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီက ဥယျာဉ်ကျေးရွာ မြမဉ္ဇူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားစေနိုင်သောဆိုးကျိုးများ၊ မီးခိုးမြူငွေ့ အမျိုးအစားများအကြောင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကြောင့် အသက်ရှုလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများဖြစ်ပွားနိုင်ကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ လျှော့ချရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးနှင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုမှ ကာကွယ်ပေးနိုင်မှုများရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)