အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်ဆောင်င်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က (လွန်) ၃ လမ်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့၌ အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက်များ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်နေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသာလူငယ်များ စာပေများလေ့လာဖတ်ရှု၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကွမ်သဲကျေးရွာ ပညာအလင်းရောင် စာကြည့်တိုက်နှင့် ကွမ်သဲ(အ.ထ.က)ကျောင်း စာကြည့်တိုက်တို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျာပုံမြို့ အ.ထ.က(၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာ ပေးခြင်း နှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲပြုလုပ်

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲပြုလုပ် မိုင်းယောင်း ဩဂုတ် ၁၉ ဝေဝေခိုင်(ပြန်/ဆက်)

ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to