ကျိုက်ဒုံမြို့၌ စိုက်ပျိုးတောင်သူများအားသဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ်ဖျော်စပ်နည်းစနစ် လက်တွေ့ပြုလုပ်ပြသခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်၄ရပ်ကွက်၊ မိတန်ဘုန်းတော်ကြီးကျောင်း အောက်ကွင်း ဦးအညာကိုင်းတော၌ ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများမှ တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။